အလွမ်းတွေချည်း တူးတူးခါးခါး ပွင့်နိုင်တာလေးတစ်ခုနဲ့ပဲ အဲဒီ "ယင်းမာပင်" မြို့လေးကို "တမာပင်မြို့" လို့ပြောင်းခေါ်ရင်ကောင်းမယ် ကိုယ်မေမေရှိတဲ့ မြို့လေးမို့ "မေမေ" လို့ခေါ်ရင်လည်း ရတာပဲ

ကျောင်းသားဟောင်းများအာစရိယပူဇော်ပွဲ

Written by Daywalker (စိုးလှိုက်ဦး) on August 25th, 2011. Posted in ယင်းမာပင်, သတင်း

ယင်းမာပင်မြို့ အ.ထ.က. ကျောင်းကြီး၏ကျောင်းသား၊  ကျောင်းသူဟောင်းများ အာစရိယ ပူဇော်ပွဲကို ၂၅-၁၂-၂ဝ၁၁ မှ ၃၁-၁၂- ၂ဝ၁၁ အတွင်း ကျင်းပပြုလုပ်မည်။ ရက်အတိအကျကို သတင်းစာတွင် ကြေငြာမည်။ ကျောင်းတော်ကြီး စတင်တည်ထောင်ခဲ့သည့် ၁၉၇၁ – ၁၉၇၄ မှ ၁၉၉ဝ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော မြတ်ဆရာများအား ပူဇော်ကန်တော့ကြမည့်ပွဲ ဖြစ်သဖြင့် ရပ်နီးမှ ကျောင်း သားဟောင်းများသည်  အာစရိပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ (၁၇) ဦးထံတွင် လှူဒါန်းနိုင်ပြီး ရပ်ဝေးမှကျောင်းသားဟောင်းများ က အောက်ပါပုဂ္ဂိုလ်များထံတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။

(၁) ဒေါ်ခင်ချိုချို ဖုန်း-ဝ၉-၅၁၈၄၅၄၄ (မုံရွာ)
(၂) ဒေါ်သင်းသင်းမာ ဖုန်း-ဝ၉-၆၈၁၉၂ဝ၅၊ဝ၇၁-၇၃၇၇၇ (ယင်းမာပင်)
(၃) ဦးကျော်စိုးလင်း ဖုန်း-ဝ၉-ဝ၇၁-၇၃၃၇၇ (ယင်းမာပင်)
(၄) ဦးစိုးမင်း ဖုန်း-ဝ၉-၆၄၅၁၃၉၇ (မုံရွာ နမခ)
(၅) ဦးဝင်းသစ်အောင် ဖုန်း-ဝ၉-၅၁၃၈ဝ၇၁ (ရန်ကုန်)
(၆) ဦးစိုးမင်း ဖုန်း-ဝ၉-၅၁၆၄၉၉၃ (ရန်ကုန်)
(၇) ဦးနှင်းမောင် ဖုန်း-ဝ၉-၅ဝ၃၇၄၆၄ (ရန်ကုန်)

Tags: ,

Trackback from your site.

Daywalker (စိုးလှိုက်ဦး)

အညာမှာမွေးအညာမှာကြီးတဲ့အညာသားစစ်စစ်ပါဗျာ။ ကဗျာကိုချစ်တယ်၊ အညာကို ချစ်တယ်။ ကိုယ့်ဇာတိကို ပိုချစ်တယ်။ ဘလော့ မျာ ကဗျာ နည်းနည်းရေးတယ်၊ ဘာမှ မလုပ်တာထက်စာရင် လုပ်သလောက် မဖြစ်တာက တော်သေးတယ်လို့ ခံယူထားတဲ့ သူ... Ðaywalker( စိုးလှိုက်ဦး )

Comments (2)

Leave a comment